PAN 2025 ELECTION (Oct-21)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ မကြာခင်ကျင်းပတော့မယ့် ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
ဦးတင်မောင်ဝင်းဟာ ရေကြည်မဲဆန္ဒနယ်ကနေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မဲများဆုံးရသူအနိုင်ယူစနစ်(FPTP)စနစ်နဲ့ ဝင်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်သားတစ်ဦးလည်းဖြစ် အသက်ကလည်း ၆၅ ကျော်သာရှိသေးတဲ့ ဦးတင်မောင်ဝင်းဟာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွေမှာ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
(OTS) အပတ်စဉ် – ၆၄ ဆင်း ဖြစ်တဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ ဦးတင်မောင်ဝင်းဟာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူတဲ့အချိန်ကစလို့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြို့နယ်တွေဟာ ဖွံ့ဖြိုးလာအောင်လုပ်ဆောင်နိုင်ခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်းက ဒေသံပြည်သူတွေက သူ့ကိုလက်ခံကြတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး အဲ့ဒီမတိုင်ခင် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်အဖြစ်နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သလို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်လို့လည်း သိရတယ်။
စွမ်းဆောင်ရည်ပိုင်းဆိုင်ရာဘွဲ့ဖြစ်တဲ့ သီရိပျံချီဘွဲ့နဲ့ စည်သူဘွဲ့ကိုရရှိထားတဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ (၂၂)တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။