
(ပြည်တွင်း) အောက်တိုဘာ ၂၁
မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေ/တူးဖော်ရေးလုပ်ငန်းများမှာ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ ကမ်းလွန်လုပ်ကွက် အမှတ်(M5/M6)မှာ တွင်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ခြင်းကြောင့် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။
လာမည့် နိုဝင်ဘာလ ၁ ရက်ကနေ ၂၀၂၇ ခုနှစ် မတ်လ ၃၀ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး ဖော်ပြထားပါတယ်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် တွင်းတူး ဖော်မည့် ဧရိယာအကျယ်ဝန်းနှင့် တည်နေရာများကနေ ၄ ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်အတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။