(ပြည်တွင်း) သြဂုတ် ၂၉

လာမည့်စက်တင်ဘာ ၁ ရက်မှစတင်ကာ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် စာအုပ်ဖိုးငွေကို တိုးမြှင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားပါတယ်။
အဆိုပါနိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေကို ယခင်က ငွေကျပ် ၄၀,၀၀၀ သတ်မှတ်ထားရာမှ စက်တင်ဘာလ ၁ ရက်မှစတင်ကာ ၄၅၀,၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ယခင်က နိုင်ငံကူး လက်မှတ် စာအုပ်အသစ်လျှောက်၊ သက်တမ်းတိုးခ ၃၅,၀၀၀ မှ ၄၀,၀၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ယခုအခါ ၄၅,၀၀၀ ကျပ်သို့ ထပ်မံပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးရန် အတွက် Online Appointment ရက်ချိန်းများကို ရက်ပိုင်းအတွင်း ရယူနိုင်ပြီဖြစ်ပါတယ်။