(ပြည်တွင်း) သြဂုတ် ၂၉

တအောင်းအကြမ်းဖက်အုပ်စု TNLA ထိန်းချုပ်ဒေသတွေဟာ မူးယစ်ဆေးဝါးအကြောင်းပြပြီး ဒေသခံတွေကို မတရားဖမ်းဆီး နှိပ်စက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
TNLA ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ စတဲ့ဒေသတွေမှာ ဒေသခံပြည်သူတွေကို မူးယစ်ဆေးဝါးရောင်းဝယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မတရားဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်နေ တယ်လို့ဒေသခံတွေကပြောပါတယ်။
TNLA ဖမ်းဆီးရာကနေ ပြန်လည်လွတ်မြောက်လာသူတစ်ချို့ရဲ့ပြောဆိုချက်တွေအရ ဖမ်းဆီးခံရသူတွေကို မူးယစ်ဆေးဝါးသုံးစွဲနေသူ၊ ရောင်းဝယ်နေသူ၊ အရောင်းအဝယ်ပြုလုပ်နေသူတွေနဲ့ အဆက်အသွယ်ရှိတယ် အဆက်အသွယ်ပြုလုပ်တယ်လို့ မဟုတ်မမှန်စွပ်စွဲကာ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က နမ့်ဆန်ခရိုင်၊ မန်တုံမြို့နယ်က အသက် (၄၈)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် (၃၂)နှစ်အရွယ်အမျိုးသားတစ်ဦးတို့ကို မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ဆိုကာ TNLA ဖမ်းဆီးသွားရာကနေ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။