(ပြည်တွင်း) ဩဂုတ် ၂၁
လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID Cardများအား လစာထုတ်ရက်များတွင် သက်ဆိုင်ရာစုရပ်နေရာများ ရုံးများတွင် သတ်မှတ်အုပ်စုများခွဲဝေ တာဝန်ပေး၍ ပြုလုပ်ပေးခြင်း ၊ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား နေ့စဥ်နယ်မြေကွင်းဆင်း၍ အခမဲ့ လုပ်ဆောင်ပေးခြင်းတို့အား မြေပြင်အရောက်နယ်မြေကွင်းဆင်း၍ နေ့စဥ် အခမဲ့ လုပ်ဆောင်ပေးနေသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများ ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အဆင်ပြေ ဝမ်းမြောက်လျှက်ရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်လျှက်ရှိရာ သြဂုတ်လ ၂၁ရက်နေ့ နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွန်ကြားရေးမှူးဦးဆန်းအောင်နှင့် တာဝန်ရှိသူများမှ ပင်စင်ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရမှ လစဥ်ကျန်းမာရေးစစ်ဆေးပေးလျှက်ရှိသော ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး ၊မြန်မာ့စီးပွားရေးဘဏ် ၊ ပဲခူးမြို့မစျေးကြီး အပေါ်ထပ်ရှိ OSSရုံးနေရာများတွင် ပြည်သူများအား UID Cardများ နေ့စဥ်ထုတ်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူအများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့သည်။ တွေ့ဆုံခဲ့ရာတွင် ဋ္ဌာန၏စီမံဆောင်ရွက်နေသော ပန်းခင်းစီမံချက်အကြောင်း ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ လျှောက်ထား ကိုင်တွယ်ရမည့် အလေးဂရုပြုလိုက်နာရမည့် ဥပဒေများအား အသိပညာပေးဟောပြောခဲ့သည်။

“ကျေးဇူးအရမ်းတင်ရပါတယ် ပဲခူးတိုင်းလဝကဌာန ကို အခုလိုကိုယ့်ရှိတဲ့နေရာကို စက်တွေယူလာပြီး တစ်ခါတည်းလက်ဝယ်အရောက် အခမဲ့လာလုပ်ပေးတာ ဒီအသက်အရွယ်ရောက်မှ ရုံးသွားပြီးလုပ်ဖို့ကလဲ အခက်အခဲရှိတယ် သွားရ လာရမလွယ်ကူတော့ဘူး ပင်စင်ထုတ်ဖို့ကလဲ ဒီကဒ်ကအရေးကြီးတယ်လေ လတိုင်းလာရိုက်ပေးတယ် တကယ်ထိရောက်တဲ့ စီမံချက်ပါ ဋ္ဌာနအကြီးအကဲတွေကို ကျေးဇူးအရမ်းတင်ပါတယ်” ဟု UID Cardပြုလုပ်သူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)