(မှုခင်း) အောက်တိုဘာ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ရှိ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အကောက်ခွန်မဲ့ပစ္စည်း ဖုန်းနှင့် Laptopများအားမော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးစဉ် တာချီလိတ်မြို့မှ ကျောက်ဆည်မြို့သို့ ပို့ဆောင်မည့်ဖုန်း ၆၆၈လုံးနှင့် laptop ၁၀လုံး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၁,၃၀၀ ကျော်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား ဖမ်းဆီးရမိကြောင်း သိရသည်။
ထို့ပြင် ၎င်းပစ္စည်းများကို သယ်ဆောင်လာသူတစ်ဦးနှင့် မော်တော်ယာဉ်တစ်စီးကိုလည်း ဖမ်းဆီးထားပြီး တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN