မွန်ပြည်နယ်မှာ အပူရှိန်ကြောင့်ရုတ်တရက် လဲကျသေဆုံးသူ ၅ ဦးထက်မနည်းရှိလာ

(ပြည်တွင်း) အောက်တိုဘာ ၂၁

မွန်ပြည်နယ်မှာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုအခြေအနေကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိလာပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုလာ ၁ ရက်ကနေ ဒီအနေ့အထိ အတောအတွင်းမှာ သေဆုံးမှုတွေဖြစ်ပေါ်နေတာလို့သတင်းအရင်းအမြစ်တွေကပြောဆိုထားပြီး သေဆုံးမှုတွေဟာ အပူရှိန်ပြင်းထန်နေချိန်မှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့သေဆုံးခဲ့ကြရတာလို့ လဲသိရပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ ၂၁ ရက်အတွင်း ဘီးလင်းမြို့နယ်မှာ လူ ၄ ဦး သထုံမြို့နယ်က ၁ ဦး၊ မော်လမြိုင်မြို့နယ်မှာ ၁ ဦးတို့ဟာ အပူဒဏ်ကြောင့် သေဆုံးခဲ့ကြရတယ်လို့လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အများစုဟာ နေပူရှိန်ထန်ချိန် ဝမ်းရေးအတွက် အလုပ်ကြမ်းလုပ်ကိုင်သူတွေအများစုပါဝင်တယ်လို့သိရပြီးကျန်သူတွေဟာ ပူပြင်းတဲ့နေရောင်ထဲသွားလာနေကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

မိုးဇလက ဒီနေ့ မွန်းလွဲပိုင်းအချိန်ထုတ်ပြန်ချက်ထဲမှာတော့ မွန်ပြည်နယ်မှာ အပူရှိန်ဟာ ပျမ်းမျှအမြင့်ဆုံးအပူချိန်တိုထက် (၃)ဒီဂရီဖာရင်ဟိုက်ကနေ (၄)ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်နေတယ်လို့ ဆိုထားပါတယ်။

အီကွေတာအနီးက အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)ရဲ့ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ အားအလွန်ကောင်းတဲ့အယ်လ်နီညို အခြေအနေမှာ ဆက်လက်တည်ရှိနေပြီး ကမ္ဘာ့မိုးလေဝသအဖွဲချုပ်နဲ့ နိုင်ငံတကာရာသီဥတု ဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး ခန့်မှန်းသုံးသပ်ချက်တွေအရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညိုအမြင့်ဆုံးအခြေအနေကိုရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Telegram – t.me/positiveanglenews

#PAN