(ပြည်တွင်း) ဩဂုတ် ၂၁
ပဲခူးမြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ရုံး၌ ဩဂုတ်လ(၂၁)ရက်နေ့ ညနေပိုင်းအချိန်ကမြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဌ ရဲမှူးချုပ်ရွှေသောင်း(ငြိမ်း)မှ ပဲခူးတိုင်းဒေသကြီးရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ၂ဝ၂၄-၂ဝ၂၅ခုနှစ် ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် ရဲမှုထမ်းဟောင်းသားသမီးများအား ချီးမြှင့်ခြင်းအခမ်းအနားအားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌရဲမှူးချုပ်ရွှေသောင်း(ငြိမ်း)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ရှေ့လုပ်ငန်းစဉ်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌရဲမှူးချုပ်ရွှေသောင်း(ငြိမ်း)၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်နှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်တို့က ကြက်ဥ၊ ဆီ၊ ဆန်၊ ပဲတို့အားထောက်ပံ့ပေးအပ်ပြီး မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌရဲမှူးချုပ်ရွှေသောင်း(ငြိမ်း)မှ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ရဲမှုထမ်းဟောင်းများ၏ သား၊သမီးများကို ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ကာ အသက်(၈၀)နှစ်နှင့်အထက် ရဲမှုထမ်းဟောင်းများအား ဂါရဝပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးရဲမှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌဒုရဲမှူးကြီး(ငြိမ်း)ဦးဝင်းဦးက ရဲမှုထမ်းဟောင်းများ၏ လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တွေ့ဆုံ အားပေး ထောက်ပံ့မှုများအပေါ် ကျေးဇူးတင် ဝမ်းမြောက်စကားပြန်လည်ပြောကြားခဲ့ကာ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဌရဲမှူးချုပ်ရွှေသောင်း(ငြိမ်း)မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)