(ပြည်တွင်း) အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာတွင် ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကနဦးသိရသည်။
နေအိမ်များ နီးကပ်စွာတည်ရှိနေခြင်းကြောင့် မီးကူးစက်မှု မြန်ဆန်ခဲ့သော်လည်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့များ၊ မီးသတ်အဖွဲ့နှင့် ဒေသခံများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ ကနဦးသိရှိရသည့် အချက်အလက်များအရ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN