
(အားကစား) ဩဂုတ် ၁၉
အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ ဟာ လက်ရှိအသင်းကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ပထမဆုံးရာသီအဖွင့်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဆီမြွန်နီ ဟာ အက်သလက်တီကိုအသင်းကို ၂၀၁၁ ဒီဇင်ဘာမှာ စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ရာသီအပြည့်ကိုင်တွယ်ခွင့်ရခဲ့တာက ၂၀၁၂-၁၃ ရာသီကဖြစ်ပါတယ်။
၂၀၁၂-၁၃ ရာသီကနေ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအထိ ၁၃ ရာသီအတွင်း လာလီဂါရာသီအဖွင့်ပွဲတွေမှာ ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။
အခုရာသီမှာ အက်စ်ပန်ညိုအသင်းကို ရှုံံးနိမ့်ခဲ့တာကြောင့် ဆီမြွန်နီလက်ထက် ပထမဆုံး ရာသီအဖွင့်ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သလို အက်သလက်တီကိုအသင်းအနေနဲ့ ၂၀၀၉-၁၀ ရာသီနောက်ပိုင်းရာသီအဖွင့်ပွဲမှာ ပထမဆုံးရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။