မုဒုံတွင် ကုန်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

(မှုခင်း) ဇူလိုင် ၂၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-မော်လမြိုင်ကားလမ်း ကုန်တင်ယာဥ်နှင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က မုဒုံမြို့နယ် မုဒုံ-မော်လမြိုင်ကားလမ်း၊ အပါးချမ်းစက်သုံးဆီဆိုင်ရှေ့တံတား တွင် ကုန်တင်ကားနှင့် ဆိုင်ကယ် မတော်တဆတိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ ဦးခေါင်းဒဏ်ရာ၊ ညာခြေတလုံးကျိုး ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရှိသူအမျိုးသားအား မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရှေးဦးသူနာပြုနည်းစနစ်ဖြင့် ပြုစုပေးကာ မုဒုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း မုဒုံဆေးရုံသို့ အရောက်တွင် ဆိုင်ကယ်မောင်းသူအမျိုးသားမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။