ဘော်ဒါဆောင်တွင် လက်တော့အားသွင်းထားရာမှ အပူလွန် ကဲပြီး မီးလောင်မှု ဖြစ်ပွား

(မှုခင်း) ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊မဟာဇေယျာဘုံရပ်ကွက်၊ အကွက်(၇၉၈/မြေပဒေသာအရှေ့)၊၅၈(A)လမ်း၊၂၂×၂၃ လမ်းကြားရှိ ကျူရှင်ဘော်ဒါဆောင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဇူလိုင်လ၂၉ရက်နေ့ နံနက်၃နာရီ၂၈ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်
၊၈၂လမ်း၊၃၀×၃၁ လမ်းကြားတွင် နေထိုင်သူ ဒေါစိန်စိန်ဝင်း၊၆၆နှစ်၊(ဘ)ဦးမောင်မောင်ကြီး ပိုင်ဆိုင်သော ပေ ၁၀၀×၁၀၀ ပတ်လည် ခြံဝင်းအတွင်း ဦးမျိုးမြင့်လှိုင်၊၄၅နှစ်၊(ဘ)ဦးသံလုံး၊၊၉၁လမ်း၊၃၀×၃၁ လမ်းကြား၊ချမ်းအေးသာစံမြို့နယ်နေသူမှ ဌားရမ်းဖွင့်လှစ်ထားသည့် အောင်မိုးဟိန်း(AMH) ဘော်ဒါဆောင်ရှိ ၂၀×၃၀ပေပတ်လည်၊သံဖရိန် -ကျောက်ပြားကာ၊ထန်းလက်မိုး စာသင်ဆောင်အတွင်းရှိ စာအုပ်စင်ပေါ်တွင် အားသွင်းထားသော Dell အမျိုးအစား လက်တော့ အပူလွန် ကဲ၍ အနီးရှိ စာအုပ်များပေါ်သို့ မီးကူးစက်ရာမှ မီးစတင်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာနံနက် ၃နာရီ၄၁မိနစ်အချိန် အချိန်တွင် မီးငြိမ်းသတ်နိူင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အဆောက်အဦးနှင့် DELLအမျိုးအစား လက်တော့တို့ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ဦးမျိုးမြင့်လှိုင်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN