ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်တွင် အမျိုးသမီးတဦး ရေနစ် သေဆုံး

(မှုခင်း) ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)၊ အနီးစခန်းရှိ ဓါတ်တော်ချိုင့်တွင် ဇူလိုင် ၂၉ရက်နေ့ မွန်းလွဲ၃နာရီ ၂၈မိနစ်အချိန်က အမျိုးသမီး ၁ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

အခင်းဖြစ်နေရာသို့ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်ကြောင့် မွန်းလွဲ ၃နာရီ ၅၈ မိနစ်အချိန်တွင် ရေနစ်သူအမျိုးသမီး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး သန္တိသုခလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN