(ပြည်တွင်း) ဇူလိုင် ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ၊ခရိုင်၊ မြို့နယ်၊ ရပ်ကျေးကော်မရှင်တွေကို ဘယ်အချိန်လောက် စတင်ခန့်အပ်မည်မလဲဆိုတာနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုရဲ့မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလိုပြန်လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌက ဘီလာရုစ်နိုင်ငံခရီးစဉ်အတွင်း ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ပိုင်း ဒါမှမဟုတ် ဇန်နဝါရီပထမအပတ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကော်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့နေတာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကကျင်းပမယ့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိင်နိုင်ဖို့ ပါတီတွေပြင်ဆင်နေသလို လာမယ့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
Telegram»…
https://t.me/positiveanglenews