အင်းစိန်တွင် တိုယိုတာ မတ်တူးကားအား Nissan Disel ၁၀ ဘီးယာဥ်မှ တိုက်ပြေး


(မှုခင်း) ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် တိုယိုတာ မတ်တူးကားအား Nissan Disel ၁၀ ဘီးယာဥ်မှ နောက်မှဝင်ရောက်တိုက်မိကြောင်း သိရသည်။

ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ခ/၆ လမ်းမှ ထွက်လာသောယာဉ်မောင်း ကိုအောင်သန်းခိုင်၊ (ဘ)ဦးအောင်လွင်၊ အမှတ် ၂၁၉ သရဖီလမ်း၊ မြို့သစ်(ဂ)ရပ်ကွက်တွင် နေထိုင်သူ မောင်းလာသော တိုယိုတာမတ်တူး 6K.8133သည် ဘုရင့်နောင်ဘက်သို့ သွားရန်အလည်ကြောသို့ အရောက် ဘုရင့်နောင်ဘက်သို့သွားသော တဖက်ယာဉ်ကြောမှ ယာဉ်ကြောအရှင်းအားစောင့်ဆိုင်းနေစဉ် ဘုရင့်နောင်မှ ပေါက်တောဝသို့ မောင်းနှင်လာသော Nissan Disel(၁၀)ဘီးယာဉ် YGN.31,5C/5594 မှ မတ်တူးယာဉ်၏ ဘယ်ဘက်ဖင်အားဝင်ရောက်တိုက်မိခြင်းကြောင်း သိရသည်။

အဆိုပါမတ်တူးယာဉ်မှာ တပတ်လည်သွားပြီး၊ ခ/၆ လမ်းထိပ်သို့ ပြန်လည်ရောက်ရှိသွားကာ ပလက်ဖေါင်းပေါ်ကျော်၍ ခ/၆ လမ်းထိပ်ရှိ အိမ်အား ဝင်ရောက်တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း ၊ (၁၀)ဘီးကားမှာ တိုက်ပြေးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN