(နိုင်ငံတကာ) ဇွန် ၂၆
ကင်ညာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ Reuters သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ပါလီမန်ကို ဖြိုခွင်းတဲ့ အခွန်ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေရဲ့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကင်ညာနိုင်ငံသား ထောင်ပေါင်းများစွာဟာ ပြီးခဲ့တဲ့နှစ်က လူ ၆၀ ကျော် သေဆုံးခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတွေကို လမ်းမတွေပေါ်ချီတက်ခဲ့ကြပြီး မြို့တော် နိုင်ရိုဘီမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ ပစ်ခတ်ကာ လူစုခွဲခဲ့တာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ပြောကြားချက်ကိုကိုးကားပြီး Reuters ကဖော်ပြပါတယ်။
ဆန္ဒပြသူအချို့ဟာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ကင်ညာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Irungu Houghton ကလည်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“အများစုက ရဲတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်” လို့ ကင်ညာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောကြားပြီး သေဆုံးသူတွေအနက် အနည်းဆုံး ၈ ဦးဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ကာလရှည်ကြာြဖစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲမှာ သတင်းထောက်တွေ ဆန္ဒပြသူတွေအပြင် ရဲတပ်ဖွဲ့ဝင်တွေပါ ပါဝင်တယ်လို့ X လူမှုကွန်ယက်တွေရဲ့ သတင်းတွေအရ သိရပါတယ်။
စောင့်ကြည့်ရေးအဖွဲ့ရဲ့ မှတ်ချက်မှာတော့ ရာဘာကျည်ဆန်တွေ၊ ကျည်ဆန်တွေ ရေအမြောက်တွေအပါအဝင် အင်အားအလွန်အကျွံအသုံးပြုမှုကြောင့် အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။