(မှုခင်း) ဇွန်လ ၂၂

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စု၊ ပေါင်လောင်းမြစ်အတွင်း ချမ်းမြေ့စားသောက်ဆိုင် အရှေ့တည့်တည့် ရေလယ်ကျွန်းစုအနီး ရေဆင်းကစားရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်က ပေါင်လောင်းမြစ်အတွင်း ကိုရဲဝင်းပိုင်၊ ၂၉ နှစ်၊ (ဘ)ဉီးရန်နိုင်ဝင်း၊ ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာမြို့နယ် နေသူသည် CM Myanmar ကုမ္ပဏီမှ သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာ ကိုရဲဝင်းပိုင်မှ အရက်သေစာသောက်စားကာ တစ်ဦးတည်း ရေလယ်ကျွန်း အနောက်ဘက် (၁၀)ပေခန့် အကွာသို့ ကူးခက်သွားပြီး ပြန်ပေါ်လာခြင်းမရှိတော့ကြောင်း သိရသည်။
အဆိုပါ ရေနစ်သည့်နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များမှာရှာဖွေခဲ့ရာ မွန်းလွဲ ၄ နာရီ ၄၆ မိနစ်အချိန်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီး ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပြီး သေမှုသေခင်းဖွင့်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews