ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


(ပြည်တွင်း) ဇွန်လ ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain ကို ဇွန်လ ၁၉ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ မေခလာခန်းမမှာ လက်ခံတွေ့ဆုံ ပါတယ်။

တွေ့ဆုံစဉ်မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်း စာနာမှုအကူအညီပေးအပ်ခဲ့မှုများ၊ ငလျင်ကြောင့် နိုင်ငံ အတွင်း ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ ငလျင်ဘေးနောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ နိုင်ငံအလိုက်ထူထောင်ထားရှိတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များနှင့် နှစ်ဦးနှစ်ဖက်အပြုသဘောဆောင်လျက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN