ရှမ်းယူနိုက်တက်အသင်းအပါအဝင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံနဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ MNL League Cup ဆီမီးဖိုင်နယ် တက်ရောက်ခဲ့


(အားကစား) ဇွန်လ ၂၀

MNL League Cup ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံနဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ က ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင် ခဲ့ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက မြဝတီအသင်းကို ၂ ဂိုး၊ ဂိုးမရှိ၊ ဧရာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၃ ဂိုး ဂိုးမရှိ၊ ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ၃ ဂိုး၊ ၁ ဂိုး၊ ရတနာပုံအသင်းက Dagon Port အသင်းကို ပယ်နယ်တီ အဆုံးအဖြတ် ၇ ဂိုး၊ ၆ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေအဖြစ် ဇွန်လ ၂၃ ရက်မှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရတနာပုံအသင်း၊ ဇွန်လ ၂၄ ရက် မှာ ရှမ်းယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ သုဝဏ္ဏ ကွင်းတွင် ကစားမှာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက် နဲ့ ရတနာပုံအသင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံဖူးပြီး ဆီမီးဖိုင်နယ်ရောက်ရှိတဲ့ လေးသင်းမှာ ဧရာဝတီယူနိုက်တက် အသင်းက ပထမဆုံးဆီးမီးဖိုင်နယ်ကို တက်ရောက်လာတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN