ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကုန်တင်ယာဥ်နှစ်စီး ယာဥ်တိုက်မှုဖြစ်ပွား


(မှုခင်း) ဇွန်လ ၁၅

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၉၇/၀ နှင့် ၁၉၇/၁ အနီးတွင် ယနေ့နံနက် ၅ နာရီအချိန်ခန့်က ကုန်တင်ယာဥ် နှစ်စီးယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်း ယာဉ်မောင်းညပ်နေကြောင်းသတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး သေဆုံးတို့အား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN