(နိုင်ငံတကာ) ဇွန်လ ၁၅

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်နှစ်ဦး ပစ်ခတ်ခံခဲ့ရပြီး ပြည်နယ်အောက်လွှတ်တော် ဥက္ကဌဟောင်း Melissa Hortman နဲ့ သူမရဲ့ ခင်ပွန်းတို့ သေဆုံးခဲ့ကာ ပြည်နယ်လွှတ်တော်အမတ် John Hoffman နဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအရ လှုဆော်မှုဖြစ်တယ်လို့ အာဏာပိုင်တွေက ယုံကြည်နေပြီး ပစ်ခတ်သူဟာ တရားရေးအရာရှိအဖြစ် ဟန်ဆောင်ခဲ့ကာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးသွားလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ဒေါ်နယ်ထရမ့်ကတော့ ဒါဟာ ဆိုးရွားတဲ့ ပစ်ခတ်မှုလို့ ပြောဆိုခဲ့ပြီး သည်းမခံနိုင်တဲ့ ပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ချက်ချင်းပဲ ပြောဆိုခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews