(နိုင်ငံတကာ) ဇွန်လ ၁၂

Air India လေကြောင်းလိုင်းရဲ့ လန်ဒန်ကို ထွက်ခွာခဲ့တဲ့ လေယာဉ်ဟာ ငှက်တွေနဲ့ ဝင်တိုက်မိခဲ့ပြီးနောက် လူနေရပ်ကွက်ပေါ် ပျက်ကျခဲ့တယ်လို သိရပါတယ်။

ခရီးသည် ၂၄၂ ဦးအထိ လိုက်ပါခဲ့ပြီး ၄၀ ဦးကနေ ၁၁၀ ဦးအထိ သေဆုံးနိုင်တယ်လို့ ကနဦးသတင်းတွေက ဆိုပါတယ်။

လေဆိပ်ကနေ ထွက်ခွာပြီး မကြာခင်မှာပဲ ဖြစ်ပျက်ခဲ့တာလို့လည်း ဆိုပါတယ်။ Ahmedabad ကနေ လန်ဒန်ကို ထွက်ခွာခဲ့တဲ့ AI171 ဘိုးရင်းလေယာဉ်ဖြစ်ကာ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်သား ၅၃ ဦး၊ ပေါ်တူဂီသား ၇ ဦးနဲ့ ကနေဒါသား ၁ ဦး လိုက်ပါခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အိန္ဒိယ လေယာဥ်ပျက်ကျမှု ဖြစ်စဥ်တွင် အသက် ၄၀ နှစ် အရွယ် Vishwash Kumar Ramesh ဆိုသူ ဗြိတိန် နိုင်ငံသား တစ်ဦးတည်းသာ ထူးဆန်းစွာနဲ့ အသက်ရှင် လွတ်မြောက်ခဲ့ပြီး အဲဒီလူဟာ ထိုင်ခုံ နံပါတ် 11A နေရာတွင် စီးနင်းလိုက်ပါသူဖြစ်တယ်လို့ သိရပါသည်။
Telegram»…
https://t.me/positiveanglenews