ဒက္ခိဏသီရိမြို့နယ်တွင် အမည်မသိအမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

(မှုခင်း) ဇွန် ၉

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းနှင့် သီရိမာလာလမ်းထောင့်တွင် လူတစ်ဦးသေဆုံးနေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

ဇွန်လ၊ ၈ရက်နေ့ နံနက်၈နာရီ အချိန်ခန့်က ဒက္ခိဏသီရိရပ်ကွက်တွင် လူတစ်ဦးသေဆုံးနေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ရပ်ကွက်နေပြည်သူတစ်ဦးမှ ဖုန်းဆက်ပြီး အကြောင်းကြားလာခဲ့ပါသဖြင့် ရာအိမ်မှူး နှစ်ဦးနှင့် သွားရောက်ကြည့်ရှုရာ အမည်မသိ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးနေခြင်း ဖြစ်ပြီး ဒက္ခိဏ မြို့မရဲစခန်းအား ဆက်လက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကာ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့် ဆောင်ရွက်နိုင်ရန် စီစဥ်လျက်ရှိကြောင်း၊ အလောင်းအား ကုတင် ၁၀၀ ဆေးရုံ အအေးတိုက်သို့ ပို့ဆောင်ခဲ့ပြီး အလောင်းမှာ ပိုင်ရှင်မဲ့ အလောင်းဖြစ်နေပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာမြို့နယ် အတွင်း သိရှိသူဖြစ်နေပါက ပြန်လည်အကြောင်းကြား ပေးရန် ဒက္ခိဏသီရိရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ထုတ်ပြန်ထားကြောင်းသိရသည်။