(ပြည်တွင်း) ဇွန် ၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းက လျှပ်စစ်ဓာတ်အားလိုင်းတွေ ထရန်စဖော်မာတွေနဲ့ ဓာတ်အားတိုင်တွေ နေအိမ်တွေ သွယ်တန်းထားတဲ့ ဓာတ်အားကြိုးတွေဟာ မန္တလေးငလျင်ဒဏ်ကြောင့် ယိုင်နဲ့တိမ်းစောင်း ကျိုးပဲ့ပျက်စီးခဲ့တာကြောင့် ကျေးရွာပေါင်း ၃၂၁ ရွာမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့ရပါတယ်။

ပျက်စီးသွားတဲ့ဓာတ်အားလိုင်းတွေ ထရန်စဖော်မာတွေနဲ့ လျှပ်စစ်မီးကြိုးတွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကျွမ်းကျင်ပညာရှင်တွေဉီးဆောင်ပြင်ဆင်နေပြီး ကျေးရွာပေါင်း ၃၁၆ ရွာကို လျှပ်စစ်ဓာတ်အားပုံမှန်ရရှိနိုင်ရေး ဆောင်ရွက်ခဲ့ရာမှာ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၄၄ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ကျန်ရှိနေသေးတဲ့ ကျေးရွာတွေကို လျှပ်စစ်ဓာတ်အားလိုင်းများ ပုံမှန်ဖြန့်ဖြူးနိုင်ရေး အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
#PAN