(မှုခင်း) ဇွန် ၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ မူးယစ်ဆေးဝါးအများဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ ဇွန် ၁ ရက် ညနေပိုင်းက မိတ္တီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာမှာနေထိုင်တဲ့ ကျော်ဇေယျရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကျော်ဇေယျနဲ့ အောင်ဇော်ဝင်း (ခ) ကုလားမတို့နှစ်ဦးထံက ဒေသတန်ဖိုးငွေကျပ် ၁၅၂ သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ ပြား ၊ ဒေသတန်ဖိုးငွေကျပ်၁၅ သိန်းရှိတဲ့ ဆေးခြောက်အလေးချိန် ၃ ကီလိုနဲ့ ငွေကျပ် ၁၀ သိန်း ကိုဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဇွန် ၂ ရက် ညနေပိုင်းကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မှော်ဘီမြို့နယ် ဘွတ်ကြီးကျေးရွာအုပ်စု ဘွတ်ကြီးကျေးရွာ ရဲစု (မြောက်ပိုင်း) အောင်မင်္ဂလာလမ်းအတိုင်း လမ်းလျှောက်လာသူ ဝင်းကျော်စိုးကို စစ်ဆေးရှာဖွေရာဒေသ တန်ဖိုးငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ဖမ်းဆီးရမိတယ်လို့သိရပါတယ်။
သဖြင့် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဖမ်းဆီးရမိတဲ့ ကျော်ဇေယျ (၃၈)နှစ်၊ အောင်ဇော်ဝင်း (ခ) ကုလားမ (၃၉) နှစ်နဲ့ ဝင်းကျော်စိုး (၂၅) နှစ်တို့ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ များက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။