
(ပြည်တွင်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေတဲ့ ချင်းတွင်းမြစ်ကူး တံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများဟာ ကိုးဆယ်ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။
ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းလည်း ဖြစ်ပါတယ်။
မြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများ အနေနဲ့ ကူးသန်းသွားလာမှုလွယ်ကူမြန်ဆန်လာမှာဖြစ်ပါတယ်။
ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)က သံကူ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ၈၀၁ မီတာ၊ အကျယ် ၉ ဒသမ ၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြစ်ပြီး တည်ဆောက်နေဆဲ ဖြစ်ပါတယ်။