သူ မရှိတော့ပေမယ့် Doge က ဆက်လက်လည်ပတ်နေဦးမှာပါလို့ အီလွန်မက်စ် အသိပေး


(နိုင်ငံတကာ) မေ ၂၉

Doge အတွက် သူ လုပ်ဆောင်ပေးခဲ့ပြီးနောက်မှာ ထရမ့်အစိုးရအဖွဲ့ကနေ သူ နုတ်ထွက်တော့မယ်လို အီလွန်မက်စ်က X မှာ ရေးသားပြောဆိုလိုက်ပါတယ်။

အိမ်ဖြူတော်ရဲ့ အထူးအစိုးရဝန်ထမ်းအဖြစ် အီလွန်မက်စ်က တာဝန်ယူခဲ့ရတာဖြစ်ပြီး အစိုးရပိုင်းအတွင်း ဖောင်းပွနေတဲ့ နေရာတွေနဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့အတွက် အီလွန်မက်စ်က လုပ်ဆောင်ခဲ့တာလည်းဖြစ် ပါတယ်။

ဒီအပေါ်မှာ ဝေဖန်ခံရမှုတွေအများအပြားရှိခဲ့ပေမယ့်လည်း အီလွန်မက်စ်က ဒီလိုအခွင့်အရေးရခဲ့တဲ့အတွက် ထရမ့်ကို ကျေးဇူးတင်ကြောင်းလည်းပြောဆိုထားပါ သေးတယ်။

အီလွန်မက်စ်က သူ မရှိတော့ပေမယ့် Doge က ဆက်လက်လည်ပတ်နေဦးမှာပါလို့လည်း သူက အသိပေးထားပါ သေးတယ်။

Telegram»…
https://t.me/positiveanglenews

PAN