ကားနှင့် ဆိုင်ကယ်အပြိုင်ကျော်တက်ရာမှ ယာဥ်တိုက်မှုဖြစ်ကာ လူတစ်ဦးသေဆုံး


(မှုခင်း) မေလ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်၊ ဘိုကလေးမြို၊ မြစ်ကူးတံတားအပေါ်တွင် ယမန်နေ့ညနေ ၆ နာရီ ၃၀ မီးနစ်အချိန်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးသက်ဝေဖြိုး၊ ၃၂ နှစ်၊ (ဘ)ဦးလှစိုး မောင်နှင်သော ၄၇/ယ ၃၉၂၁၀ CROCODILE ဖြူ/နက်ဆိုင်ကယ်မှာ YGL41/2131 ဒိုင်နာလိုက်ထရပ်ကားအား အနောက်မှကျော်တက်ခဲ့ရာမှ ဒိုင်နာလိုက်ထရပ်ကားမှ ဆိုင်ကယ်အားအပြိုင်ပြန်ကျော်တက်ရာ ဘိုကလေးမြို့ မြစ်ကူးတံတား၊ သာပေါင်းကျေးရွာဘက်အဆင်းတွင် ကားနှင့် ဆိုင်ကယ်ချိတ်မိကာ ဆိုင်ကယ်မောင်းသူ ဦးသက်ဝေဖြိုး၊ ၃၂ နှစ်မှာ ဦးနှောက်ပွင့်ထွက်၊ နဖူးပေါက်ပြဲဒါဏ်ရာဖြင့် နေရာတွင်ပွဲခြင်းပြီးသေဆုံးခဲ့ပြီး၊ ဆိုင်ကယ်အနောက်မှ လိုက်ပါလာသူ ဦးကျော်ကျော်၊ ၄၀ နှစ်၊ (ဘ)ဦးသိန်းဝင်းမှာ ဝဲလက်ကောက်ဝတ် အရိုးကျိုးဒါဏ်ယာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ တရားခံများအား ဘိုကလေးမြို့မ ရဲစခန်းတွင် ဖမ်းစီးထားရှိပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN