စက်ချို့ယွင်းသဖြင့် ရပ်နားထားသည့် တွဲကားအား ဆိုင်ကယ်စီးလာသူမှ ဝင်တိုက်


(မှုခင်း) မေ ၁၄

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးအုပ်စု၊ ခေတ်အေးကျေးရွာအနီး ရန်ကုန်_မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၃၈/၄နှင့် ၂၃၈/၅)အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ယာဥ်မောင်း ဦးထက်ကျော်၊ ၄၁ နှစ် ၊ (ဘ) ဦးချစ်သန်း၊ ပင်းတယမြို့နေသူမောင်းနှင်သည့် ယာဥ်အမှတ် MDY-13 2R/1397 Dong Feng အမျိုးအစား အနီရောင် ၂၂ ဘီး(တွဲကား)သည် စက်ချို့ယွင်း၍ တပ်ကုန်းဘက်မှ ပျဥ်းမနားသို့ ဦးတည်ကာရပ်တန့်ထားစဉ် တပ်ကုန်းဘက်မှ ပျဥ်းမနားဘက်သို့ ဦးဝင်းညွှန့်၊ ၅၆ နှစ်၊ ခေတ်အေးအုပ်စုအုပ်ချုပ်ရေးမှူး၊ ခေတ်အေးကျေးရွာနေသူမှ မောင်းနှင်ပြီး၎င်းနောက်မှ ဒေါ်မြင့်ရီ၊ ၅၆ နှစ်မှ လိုက်ပါသည့် ဆိုင်ကယ်ယာဥ်အမှတ် MDY-80 W /46497 Dayang အမျိုးအစား 110 ဆိုင်ကယ်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့်၊ ဦးဝင်းညွှန့်မှာ ဦးခေါင်းကြေမွဒဏ်ရာရရှိပြီး နေရာတွင်ပင်သေဆုံးခဲ့ပြီး ဒေါ်မြင့်ရီတွင် ယာဘက်လက်ကျိုးဒဏ်ရာ၊ ဝဲယာခြေထောက် ပွန်းပဲ့ ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့အား နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN