ရန်ကုန်မြို့မှာ နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာပြပွဲများ ကျင်းပမည်


(ပြည်တွင်း) မေ ၈

ရန်ကုန်မြို့မှာ အမေရိကန်အပါအဝင် နိုင်ငံ ၈ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ Cultural Connection ပွဲကို ကျင်းပသွားမည်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြထားတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို မေလ ၁၆ ရက်မှ ၂၅ ရက်အတွင်း ကျင်းပသွားမှာဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သံရုံးများနှင့် ယဉ်ကျေးမှုစင်တာတွေရဲ့ သက်ဆိုင်ရာနိုင်ငံအကြောင်းကို လေ့လာနိုင်ရန်အတွက် မည်သူမဆိုတံခါးများဖွင့်ထားပြီး ကြိုဆိုနေမှာဖြစ်ကြောင်း ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒါကြောင့် စိတ်ပါဝင်စားသူများအနေနဲ့ သံရုံး/စင်တာတစ်ခုခုသို့ဖြစ်စေ သို့မဟုတ် အကုန်လုံးကိုဖြစ်စေ သွားရောက်လည်ပတ်ခဲ့မည်ဆိုပါက တမူထူးခြားတဲ့ တွေ့ကြုံခံစားမှု၊ ထိတွေ့ဆက်ဆံမှုနှင့် စူးစမ်းလေ့လာခွင့်များကို ပေးသွားမှာဖြစ်ပြီး ကျင်းပမည့် နေရာအသီးသီးအတွက် နေ့ရက်နှင့် အစီအစဉ် အသေးစိတ်အပါအဝင် နောက်ဆုံးရအချက်အလက်တွေကို သိနိုင်ရန်အတွက် US Embassy Rangoon Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးထား ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN