ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ (၄၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲကျင်းပမည်


(ပြည်တွင်း) မေ ၇

ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ (၄၂) ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကြီးကို မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့)နံနက် ၇ နာရီမှစတင်၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါနေ့မှာ ဘုရားဖူးလာသူများ ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များမှာ လွယ်ကူစွာ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရေး ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများကလည်း ကုသိုလ်ယူ ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါကအဖွဲ့ဝင်များဖြင့် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN