(နိုင်ငံတကာ) ဧပြီ ၂၈

အိန္ဒိယနိုင်ငံနှင့်ပတ်သက်သည့် သတင်းအချက်အလက်အမှားများ ထုတ်လွှင့်နေသည့် ပါကစ္စတန် Youtube ချန်နယ် ၁၆ ခုကိုပိတ်ပင်ခဲ့ကြောင်းသိရသည်။
Subscribers သန်းနှင့်ချီရှိသော Dawn News နှင့် Samaa TV၊ Ary News၊ Geo News နှင့် ခရစ်ကတ်သမားဟော င်းတစ်ဦးဖြစ်သည့် Shoaib Akhtar တို့ကဲ့သို့ လူပုဂ္ဂိုလ်များ၏ ချန်နယ်များလည်းပါဝင်ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံအတွင်းမှ အဆိုပါချန်မယ်များအားဝင်ရောက်ကြည့်ရှု့မည်ဆိုပါက နိုင်ငံတော်လုံခြုံရေးနှင့် အစိုးရနှင့်သက်ဆိုင်သည့် အမိန့်ကြောင့် လက်ရှိတွင် ဝင်ရောက် ကြည့်ရှုရန်မဖြစ်နိုင်ကြောင်းသိပေးထားသည်။
အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော ပါကစ္စတန်များအနေဖြင့် ဧပြီလ ၂၇ ရက်နေ့နောက်ဆုံးထားထွက်ခွာရန် ညွှန်ကြားထားပြီး ဆေးဘက်ဆိုင်ရာဗီဇာများဖြင့် လာရောက် သူများအား ဧပြီလ ၂၉ ရက်နေ့ နောက်ဆုံးထားထွက်ခွာရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဂျမူးနှင့် ကတ်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သော ပါဟယ်လ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယဝန်ကြီးချုပ်အပါအဝင် နာမည်ကျော်ကြားသူများ၏ နိုင်ငံတကာ ခရီးစဉ်များအားဖျက်သိမ်းခဲ့ပြီး အကြမ်းဖက်မှုအား ဆန့်ကျင်ကြောင်းပြသခဲ့သည်။
Telegram»…
https://t.me/positiveanglenews