ဒုံသမိတံတား စစ်ဆေးရေးဂိတ်တွင် အိုးဝေယာဉ်ပေါ်မှ ဆေးခြောက်များ ဖမ်းမိ

(မှုခင်း)အောက်တိုဘာ ၂၁

မွန်ပြည်နယ်ဘက်ခြမ်း ဒုံသမိတံတား စစ်ဆေးရေးဂိတ်တွင် အိုးဝေယာဉ်ပေါ်မှ ဆေးခြောက်များ ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့  မွန်းလွဲ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က မွန်ပြည်နယ်ဘက်ခြမ်း ဒုံသမိတံတား စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးစဉ် ဘားအံဘက်မှ သထုံမြို့သို့ မောင်းနှင်လာသော အိုးဝေယာဉ်မောင်း သူရိန်ထွဋ်နှင့် မင်းမင်းထွေးတို့လိုက်ပါလာသည့် အိုးဝေယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ ဆေးခြောက် ဘလောက်တုံး ၄၀ ကီလိုခန့်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ သူရိန်ထွဋ်နှင့် မင်းမင်းထွေးတို့အား စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများဖမ်းဆီးရမိရေးဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN