

(ပြည်တွင်း) ဧပြီ ၂၅
ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန်မှာ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ကာ ရောင်းချနေတဲ့ အရောင်း ဆိုင် ၆၀ ကျော်ကို အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၅၉ ဆိုင်နှင့် ဂိုထောင် ၁ လုံး၊ ရန်ကုန်မြို့ရှိ မြို့နယ် ၃၄ မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၈၇ ဆိုင် နှင့် ပြည်ပမှဘိလပ်မြေတင်သွင်းရောင်းချတဲ့ကုမ္ပဏီ ၃ ခု၊ မန္တလေးမြို့ရှိ မြို့နယ် ၁၁ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၈ ဆိုင်တို့ကို စစ်ဆေးခဲ့ကြပါတယ်။
ဒါ့အပြင် ပဲခူးမြို့ရှိ မြို့နယ် ၃ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၁၉ ဆိုင်၊ စစ်ကိုင်းမြို့ရှိ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၄ ဆိုင်၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၃ မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်တို့အား ဧပြီလ ၂၃ ရက်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။
အခုလိုစစ်ဆေးရာမှ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိအမြတ်ယူ ရောင်းချလျက်ရှိတဲ့ ၃၀ ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချ လျက်ရှိသော ၃၂ ဆိုင်နှင့် ဘိလပ်မြေအိတ်များကို မသမာသည့်နည်းလမ်းဖြင့် ရောင်းချသည့် ဥပဒေအရ အရေးယူ နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် ပူးပေါင်းအဖွဲ့ဝင်များက အိမ်ဆောက်ပစ္စည်းများနှင့် ဘိလပ်မြေ ဈေးနှုန်းများကို စျေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချသူများအား ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်လို့ သိရပါတယ်။