ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ လေယာဉ်ဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရား တော်များရွတ်ဖတ်


(ပြည်တွင်း) ဧပြီ ၁၈

ပြည်သူများ ဘေးအန္တရာယ်အပေါင်း ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ဧပြီလ နံနက် ၇ နာရီတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တော် များ ရွတ်ဖတ်ပြီး ပရိတ်ရေများပက်ဖျန်းပေးခဲ့ကြောင်း သိရပါတယ်။

နေပြည်တော်၊ ပျဉ်းအနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ခြောက်ပါးတို့က တပ်မတော် ရဟတ်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်တွင် အန္တရာယ်ကင်းပရိတ်တော်များကို လှည့်လည် ရွတ်ဖတ်ပေးခဲ့ကြပါတယ်။

ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ဆရာတော်ကြီးများ၏ ကပ္ပိယကာရကအဖြစ် လိုက်ပါ၍ ပရိတ်ရေများ ပက်ဖျန်းကုသိုလ်ယူဆောင်ရွက်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN