အရပ်ဝတ်ဖြင့် ကွမ်းယာဝယ်ထွက်လာသည့် တပ်မတော်သား ၂ ဦးအား အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်


(မှုခင်း) ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထွေ/အုပ်ရုံးတွင်လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော လုံခြုံရေးဝန်ထမ်း ၂ ဦးသည် မြို့ထဲသို့ ကွမ်းဝယ်စဥ် အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က နွားထိုးကြီးမြို့နယ်၊ ထွေ/အုပ်ရုံး၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသေ တပ်သား ထွန်းရွှေ၊ ၂၁ နှစ်နှင့် တပ်သား ပိုင်ရဲကျော်၊ ၂၂ နှစ်တို့ ၂ ဦးသည် တာဝန်ရှိသူအဆင့်ဆင့်ထံသတင်းပို့ တင်ပြခြင်းမရှိဘဲ အရပ်ဝတ်၊ လက်နက်ကိုယ်စီဖြင့် Wave-125 အမျိုးအစား၊ ဆိုင်ကယ် ၁ စီးအား မောင်းနှင်၍ ကွမ်းဝယ်ရန် မြို့ထဲသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့တောင်ဘက်ရှိ လမ်းဘေးကွမ်းရာဆိုင်သို့ နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ကွမ်းယာဝယ်ယူ၍ ပြန်လည်ထွက်ခွာလာစဉ် နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် နွားထိုးကြီး-မလှိုင်သွားကားလမ်းသို့ အရောက် တောင်ဘက်မှ အရပ်ဝတ်ဖြင့် အကြမ်းဖက်သမား ၃ ဦးသည် ဆိုင်ကယ်ဖြင့် သေနတ်များကိုင်ဆောင်၍ ရောက်ရှိလာပြီး စစ်သည် ၂ ဦးအား ပစ်ခတ်ကာ လာရာလမ်းအတိုင်း တောင်ဘက်သို့ ပြန်လည် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF များ၏ ပစ်ခတ်မှုကြောင့် ခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး၊ ၎င်းတို့ ၂ ဦးကိုင်ဆောင်သည့် သေနတ် ၂ လတ်အား ယူဆောင်သွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN