မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယူနန်ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်အားပေး


(ပြည်တွင်း) ဧပြီ ၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က ဧပြီလ ၁ ရက်မှ ၃ ရက်အထိ နေပြည်တော်မှာ ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့က ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ မြန်မာနိုင်ငံကို ရောက်ရှိ လာပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်နိုင်သော ပထမဆုံးနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ဖြစ်ခြင်း‌ကြောင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးနှင့် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ဆက်လက်ပါဝင်ကူညီရန် သံအမတ်ကြီး Ms. Ma Jia ကတိုက်တွန်းပြောကြားခဲ့ပါတယ်။

သံအမတ်ကြီး Ms. Ma Jia က လူနာလက်ခံရေးနှင့် ဆေးကုသရေး အကြီးဆုံးနေရာဖြစ်တဲ့ နေပြည်တော်ကုတင် (၁,၀၀၀) အထွေထွေရောဂါကု ဆေးရုံသို့ လည်း ကောင်း၊ လူမှုဘဝအတွက် အရေးပါသည့် ပစ္စည်းများဖြန့်ဝေရေးစင်တာဖြစ်သည့် သပြေကုန်းစျေးသို့ လည်းကောင်း၊ ဘေးဒဏ်ဆိုးဝါးစွာခံစားခဲ့ရသည့် ပျဉ်းမနားမြို့နယ်သို့ လည်းကောင်း သွားရောက်၍ ငလျင်လွန် ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများဖြန့်ဝေမှု စသည့်အခြေအနေများကို ကြည့်ရှု လေ့လာခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN