မလွန် ဆန်လှူအသင်းပိုင်တိုက်ခန်း မီးလောင်မှု ဖြစ်ပွား

(ပြည်တွင်း) မတ် ၂၆

မန္တလေးတိုင်းဒေသကြီး ၊ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊၈၄ လမ်း၊၃၀×၃၁ လမ်းကြားရှိိ မလွန်ဆန်လှုအသင်းပိုင် RC ၄ထပ်တိုက်တန်း၊၃လွှာရှိ. လျှပ်စစ်ပစ္စည်းဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ညနေ၅နာရီ၃၅မိနစ်အချိန်ခန့်က မလွန်ဆန်လှုအသင်းပိုင် RC ၄ထပ်တိုက်တန်း၊၃လွှာရှိ အခန်းပိုင်ရှင် ဦးအောင်စိန်၊၆၀နှစ်၊(ဘ)ဦးခင်၊လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး လုပ်ကိုင်သူ ပိုင်ဆိုင်သော အခန်း၌ မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွား ရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅နာရီ၅၀မိနစ်အချိန်တွင် ညနေ၆ နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ဦးအောင်စိန်ပိုင်ဆိုင်သော လူနေတိုက် ခန်းတွင် အခန်းအတွင်း အင်ဗာတာ၌ သွယ်တန်းထားသော မိန်းခုံမှတစ်ဆင့် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၃၄၂၅၀၀၀ ကျပ်ခန့်ဖြစ်ကြောင်း မီးပေါ့ဆစွာ သုံးစွဲသူ ဦးအောင်စိန်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN #မီးလောင်မှုဖြစ် #မန္တလေး #မလွန်ဆန်လှူအသင်း