(နိုင်ငံတကာ) မတ်လ ၂၅

ထိုင်း-မြန်မာနယ်စပ်က နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ဂိတ်အမှတ်(၄၈)ကို ထိုင်းနိုင်ငံဘက်က တရားဝင်ပိတ်လိုက်တယ်လို့ သိရပါတယ်။
နယ်စပ်မြစ်ဖြစ်တဲ့ သောင်ရင်းမြစ်ကူးဂိတ်(၅၉)ဂိတ်ရှိတဲ့အနက်က မဲဆောက်ခရိုင်၊ မဲကုရပ်ကွက်မှာရှိတဲ့ ဂိတ်အမှတ်(၄၈)ကို ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်တာဖြစ်တယ်လို့ အဲ့ဒီဂိတ်တွေကနေ ကူးသန်ရောင်းဝယ်မှုပြုလုပ်နေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ တာခ်ခရိုင်မြို့တော်ဝန်နဲ့ နယ်စပ်ဒေသလုံခြုံရေးအဖွဲ့တွေက အဲ့ဒီဂိတ်ကိုပိတ်သိမ်းလိုက်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။
အခြားသော တတိယနိုင်ငံတွေက ကုန်သွယ်မှုပြုတဲ့ ကုန်/ကားကူးဂိတ်တွေကိုလည်း ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရရှိဘဲ မည်သည့် လူပုဂ္ဂိုလ်၊ မော်တော်ယာဉ်၊ ကုန်ပစ္စည်းမဆို ကူးသန်းခွင့်ပေးတော့မှာမဟုတ်ဘူးလို့လည်း အာဏာပိုင်တွေက အမိန့်ကြော်ငြာစာထုတ်ပြန်ကြေငြာထား တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၂၁)ရက်နေ့က ထိုင်းနိုင်ငံ နခွမ်စဝမ်မြို့နယ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ တိုင်း(၆)အဖွဲ့ဟာ မြန်မာဘက်ကပြန်လာတဲ့ ထိုင်းကုန်တင်ယာဉ်တစ်စီးကို မသင်္ကာရာကနေ တားဆီးရှာဖွေခဲ့ချိန်မှာ ကွန်တိန်နာယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား (၁၈)သန်း၊ ICE(၂၅၀)ဂရမ်၊ ကက်သမင်း(၃၀၀)ဂရမ် ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ရာကနေ ခုလိုနယ်စပ်ဂိတ်ပိတ်သိမ်းတဲ့အထိဖြစ်လာခဲ့တာဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေကပြောပါတယ်။
နခွမ်စဝမ်မြို့နယ်မှာဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ သောက်သုံးရေသန့်တင်ကားဟာ မြန်မာဘက်ခြမ်းက ကရင်လက်နက်ကိုင်တွေရဲ့ နယ်မြေကအပြန်မှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာပြီး ပိတ်သိမ်းလိုက်တဲ့ ဂိတ်ကနေ ဖြတ်သန်းလာတာဖြစ်တယ်လို့ ထိုင်းသတင်းတွေက ပြောဆိုထားပါတယ်။
Telegram»…
https://t.me/positiveanglenews