ပေါင်းဆည်နဲ့ ဂွေးပင်ဇင်က PDF တွေကို လေကြောင်းတိုက်ခိုက်လို့ ၁၀၀ ထပ်မနည်းသေဆုံး


(ပြည်တွင်း) မတ်လ ၂၄

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပေါင်းဆည်ရွာနဲ့ ဂွေးပင်ကျေးရွတွေမှာခိုအောင်းနေတဲ့ PDF အကြမ်းဖက်တွေကို လေကြောင်းကနေ ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် အကြမ်းဖက် PDF ၁၀၀ ဦးထက်မနည်းသေဆုံးတယ်လို့ သိရပါတယ်။

အောက်လှိုင်းကျေးရွာအုပ်စု ပေါင်းဆည်ရွာက PDF အကြမ်းဖက်တွေကို မတ်လ ၂၃ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်အချိန်နဲ့ ဂွေးပင်ဇင်ကျေးရွာကို အဲ့ဒီနေ့ နေ့လည်ခင်းအချိန်တွေမှာ လေကြောင်းကနေ ဗုံးကြဲရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂွေးပင်ဇင်ကျေးရွာဟာ စလင်းမြို့အနီးမှာရှိနေပြီး စလင်းချောင်းနဲ့ စလင်း -စေတုတ္တရာလမ်းကြားမှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။

PDF အကြမ်းဖက်တွေသာ အဲ့ဒီကျေးရွာတွေထဲမှာ ဗုံးခိုကျင်းတွေကို ဗုံးဒဏ်ခံနိုင်အောင် ပျဥ်တွေ သစ်လုံးတွေနဲ့ တည်ဆောက်နေထိုင်နေပေမယ့် တပ်မတော် ဂျက်လေယာဥ်တွေရဲ့ ဗုံးတွေဟာ ဗုံးခိုကျင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံးမှုများပြားခဲ့တာလို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN