ငါန်းဇွန်-မြို့သာသွားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း) မတ်လ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် လုံခြုံရေးစစ်ကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငါန်းဇွန်-မြို့သာသွားကားလမ်းပေါ်ရှိ မကျီးကုန်းကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က အကြမ်းဖက် PDF များ ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကိုမလိုသည့် ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့များနှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းစဉ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လုံ​ခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်အဖွဲ့များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းသိရပြီး၊ အကြမ်းဖက်အဖွဲ့မှ PDF အလောင်း ၁ လောင်း၊ M-4 12 ဗို့သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN