(ပြည်တွင်း) မတ် ၁၉

လမ်း၊ တံတားအသုံးပြုခ ကင်းလွတ်ခွင့်ပေးထားတဲ့ EV ကားတွေ လမ်း၊ တံတားအသုံးပြုခတွေပြန်လည်ပေးဆောင်ရတော့မယ်လို့ သိရပါတယ်။
EV ကားတွေ လမ်းတံတားအသုံးပြုခ ကောက်ခံမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ အစညအဝေးတစ်ရပ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ အရာရှိများအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက သဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
EV ကားတွေဟာ လာမယ့် ဧပြီလ (၁) ရက်နေ့က စတင်ကာ လမ်း၊ တံတားအသုံးပြုခ ပေးဆောင်ရတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လာမယ့် မတ်လ (၃၁) ရက်ဟာ လမ်း/တံတားအသုံးပြုခ ကင်းလွတ်ခွင့်ကာလ ပြည့်သွားပြီဖြစ်လို့ ဧပြီ လ (၁)ရက်က စတင်ပြီး ပေးဆောင်ကြရတော့မှာဖြစ်ပါတယ်။
EV ကားတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁)ရက်မှ စတင်ကာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOT စနစ်နဲ့ ဆောင်ရွက်နေတဲ့ လမ်း၊ တံတားတွေ ပြည်ထောင်စုလမ်းတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေက လမ်းတံတားအားလုံး လမ်း/တံတားအသုံးပြုခ ကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews