(မှုခင်း) မတ်လ ၁၄

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ မတ်လ ၁၂ ရက်နေ့က တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ရွှေဝါမြိုင်ကျေးရွာအနီး တရားမဝင်ကျွန်းသစ်များသယ်ဆောင်နေကြောင်းသတင်းအရ စစ်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ ရွှေဝါမြိုင်ကျေးရွာနှင့်တာကလေးကျေးရွာကြား ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉၇/၇ နှင့် ၉၇/၇ ဖာလုံကြားတွင် စောင့်ဆိုင်းနေစဉ် ရွှေဝါမြိုင်ကျေးရွာဘက်မှ တာကလေးကျေးရွာဘက်သို့ ရန်ကုန်-ပြည် ကားလမ်းမကြီးအတိုင်း အုတ်ဖိုမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဇော်မင်းထွဋ်(၃၁)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်ပိုင်ရှင် သန်းတင့်(၅၉)နှစ် လိုက်ပါလာသော BGO 7K-xxxx ၆ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ကျွန်းခွဲသား ၆၀ ချောင်း၊ ကျွန်းသစ်ဆိုဒ်စုံ လုံး/ခွဲခြမ်း ၁၇ ခု၊ ပျဉ်းကတိုးခွဲခြမ်း ၂ ခု၊ ပျဉ်းကတိုးသစ်လုံး ၁ ခု၊ စုစုပေါင်း ၂.၇၃၂၀၆တန်တို့အား တွေ့ရှိခဲ့သဖြင့် စစ်မေးခဲ့ရာ အဆိုပါသစ်များသည် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာနေ အေးဟန်(၅၀)နှစ် ပိုင်ဆိုင်သည့် သစ်များဖြစ်ကြောင်းသိရပြီး ဇော်မင်းထွဋ်၊ သန်းတင့်နှင့်အေးဟန်တို့ ၃ ဦးအား စစ်ကွင်းနယ်မြေရဲစခန်းမှ (ပ)၁၇/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ၄၃(က)ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွဋ်၏ လုပ်ငန်းလမ်းညွန်ချပြမှု ၊ နယ်မြေကွင်းဆင်းကွပ်ကဲမှုများကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ အကြမ်းဖက်သမားများ ၊ လက်နက်ခဲယမ်းနှင့်ဖောက်ခွဲရေးပစ္စည်းများ ၊တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများ ၊ လိုင်စင်မဲ့မော်တော်ယာဥ်များ/ဆိုင်ကယ်များ ၊ မူး/ယစ်ဆေးဝါးများ ၊ သစ်မှောင်ခိုလုပ်ငန်းများအား နေ့စဥ်ဖမ်းဆီးရမိလျှက်ရှိသည်။
ဖြိုးကိုလင်း (ညောင်ဝိုင်း)
Telegram»…
https://t.me/positiveanglenews