ဆိုင်ကယ်အတွင်းဝှက်ယူလာသောပစ္စတိုသေနတ်များနှင့်ကျည်ဆံများအား ဝေါမြို့နယ်တွင်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့

(မှုခင်း) မတ် ၁၂

ဆိုင်ကယ်အတွင်း၌ ဝှက်ယူလာသော ပစ္စတိုသေနတ်များနှင့်ကျည်ဆံများအား ပဲခူးတိုင်းဒေသကြီး ၊ဝေါမြို့နယ် ၊ ညောင်ခါးရှည်စုပေါင်းစစ်ဆေးရေးဂိတ် (X-Ray)တွင် ရဲတပ်ဖွဲ့ဝင်များမှရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၌ မတ်လ(၁၂)ရက်နေ့ ၁၂နာရီ ၂၁မိနစ် အချိန်ခန့်က X-Ray စက်တပ်ဖွဲ့စု(ညောင်ခါးရှည်)တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များမှမော်တော်ယာဉ်/ဆိုင်ကယ်များအား စစ်ဆေးဆောင်ရွက်နေစဉ် ကျိုက်ထိုဘက်မှဝေါဘက်သို့ အောင်မြင့်မြတ်၊ ၄၇ နှစ်၊ ဗမာ/ဗုဒ္ဓ၊ ယက္ကန်းလုပ်ငန်း၊ လိပ်ဆံခွန်ကျေးရွာ၊ လိပ်ဆံခွန်ကျေးရွာအုပ်စု၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေထိုင်သူ မောင်းနှင်လာသည့် MON-61W 62535 Honda Click အမျိုးအစား၊ ဖြူ/နီကြားရောင်ဆိုင်ကယ်အား X-Ray စက်ရှေ့မျက်နှာစာ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဆိုင်ကယ်စစ်တာဝန်ကျ ဒုရဲအုပ်အမျိုးသမီးမှ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ မသင်္ကာ ဖွယ်တွေ့ရှိရ၍ အသေးစိတ်ရှာဖွေခဲ့ရာ ဆိုင်ကယ်၏ ဘေးကာဗာများနှင့်ခြေနင်းအောက် ကာဗာအတွင်း တို့တွင် သိုဝှက်သယ်ဆောင်လာသော ပစ္စတိုသေနတ်(၈)လက်(အမျိုးအစားစိစစ်ဆဲ)၊ ကျည် (အမျိုးအစား/အရေအတွက်စိစစ်ဆဲ)တို့အား ကြွပ်ကြွပ်အိတ်အမဲရောင်/တိပ်အကြည်ဖြင့် ထုပ်ပိုးလျက် ရှာဖွေတွေ့ရှိခဲ့သည် ။

ဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်/ခဲယမ်းများ သယ်ဆောင်လာသူ အောင်မြင့်မြတ်အား ကွင်းဆက် ဆက်လက်ဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးလျှက်ရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

PAN #သေနတ် #ဖမ်းဆီးရမိ #ညောင်ခါးရှည် #X-Ray