ညောင်ဦးမြို့နယ် ထွေ/အုပ်ဝန်ထမ်း ဇနီးမောင်နှံတို့အား အကြမ်းဖက် PDF များက သတ်ဖြတ်


(မှုခင်း) မတ်လ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအရှေ့ဘက် ယာခင်းအနီး၌ ယနေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။

အဆိုပါ သေဆုံးသူများမှာ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာနေ ဦးသန်းလှိုင်၊ ၄၉ နှစ်၊ (ဘ)ဦးအောင်စိုး၊ ယာဉ်မောင်း၊ အဆင့်-၅၊ ငါ့သရောက်မြို့၊ထွေ/အုပ်ဝန်ထမ်းနှင့် ဇနီးဖြစ်သူ ဒေါ်ခင်မမ၊ ၄၅ နှစ်၊ (ဘ)ဦးစစ်အောင်၊ ဈေးရောင်းတို့ဖြစ်ကြောင်းသိရှိရပြီး ဦးသန်းလှိုင် တွင်လည် ပင်းပြတ်ရှဒဏ်ရာ၊ ဝဲ/ယာရင်အုံ ထိုးသွင်းဒဏ်ရာ၊ ဒေါ်ခင်မမတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၂ ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၂ ချက်၊ အူပွင့်ထွက်ဒဏ်ရာ တို့ဖြင့် သေဆုံးလျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သေဆုံးသူ ဦးသန်းလှိုင် နှင့် ဒေါ်ခင်မမ တို့နေထိုင်သည့် တောပြားကျေးရွာရှိ နေအိမ်သို့ အကြမ်းဖက် PDF ၁၀ ဦးခန့်သည် သေနတ်(အတို/အရှည်)များ၊ ဓါးများကိုင်ဆောင်လျက် မျက်နှာတွင်ပုဝါများစည်းကာ ရောက်ရှိလာကြောင်း၊ ထိုအချိန်က နေအိမ်တွင် ဦးသန်းလှိုင်တို့ လင်မယားနှင့် သားဖြစ်သူ မျိုးလှိုင်ဝင်း၊ ၂၇ နှစ်တို့ရှိနေ​ပြီး အကြမ်းဖက် PDF များက ဦးသန်းလှိုင်နှင့် ဒေါ်ခင်မမတို့အား ဖမ်းဆီးပြီး တောပြားကျေးရွာ၏ အရှေ့ဘက်၊ရွာဝင်လမ်းအတိုင်း ခေါ်ဆောင်သွားကာ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN