မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် စာအောင်ဆုနှင့် မတည်အလှူရှင်များ ဖိတ်ခေါ်


(ပြည်တွင်း) မတ်လ ၁

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးကို မြတ်စွာဘုရားရှင်၏ ဗုဒ္ဓဖြစ်တော်စဉ် (ဗုဒ္ဓဝင်)ဒေသနာတော်များအား အကျယ်တဝံ့သိရှိ ပူဇော်နိုင်ကြရေး အတွက် စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ် ကျင်းပလျက်ရှိရာ ရဟန်းရှင်လူ၊ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုပူဇော်ကြသော စာမေးပွဲဖြေဆို ပူဇော်ပွဲတစ်ရပ် ဖြစ်ပါတယ်။

စာအောင်ဆုငွေများအတွက် ကျပ်သိန်း ၅၀၀ ခန့်နှင့် စာမေးပွဲဖြေဆိုပူဇော်ပွဲ ဆုနှင်းသဘင်၊ ဘွဲ့နှင်းသဘင် ကုန်ကျစရိတ်များအတွက် ကျပ်သိန်းတစ်ထောင်ခန့် ကုန်ကျ သုံးစွဲလှူဒါန်းရခြင်းဖြစ်လို့ မဟာဗုဒ္ဓဝင်ပြန့်ပွားရေး သာသနာပြုလုပ်ငန်းစဉ်ကို ဓမ္မဒါနကုသိုလ်ပြု လှူဒါန်းလိုပါက အဖွဲ့ဝင်များအနေနဲ့ လစဉ်သုံးသောင်းကျပ် ထည့်ဝင် လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ စာအောင်ဆုငွေများ ထည့်ဝင်လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ မတည်အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းဖြင့်လည်းကောင်း ကုသိုလ်ယူနိုင် ကြစေရေး မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာပဏ္ဍိတ ဘိက္ခု က နှိုးဆော်ထားပါတယ်။

ကုသိုလ်ပြုလှူဒါန်းလိုပါက ဘဏ္ဍာရေးမှူးကြီး ဒေါက်တာ မြသီတာဆွေတင်၊ ဖုန်း ၀၉-၅၁၃၃၀၀၇၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်ခင်ခင်လင်း၊ ဖုန်း ၀၉-၅ဝ၇၅၅၇၀၊ ဒေါ်မိုးသန္တာ ၀၉-၂၅၀၅၁၅၆၂၅၊ ဒေါ်ညွန့်ညွန့်စန်း ၀၉-၄၂၀၀၃၀၇၇၄၊ ဗဟိုပြန်ကြားဆက်ဆံတာဝန်ခံများဖြစ်သော တာဝန်ခံဆရာတော် ၀၉-၂၅၈၂၆၆၃၆၂၊ ပြန်ကြား ဆက်ဆံတာဝန်ခံ ဒေါ်အေးအေးခိုင် ၀၉-၉၅၅၀၆၀၆၂၈၊ ဒေါ်နန်းအေးအေးမြင့် ၀၉-၆၉၂၃၀၂၂၃၂၊ ဒေါ်စောသန္တာ ၀၉-၅၂၀၀၂၈၈၊ ဒေါ်ဝင်းအိကြည်ပြာ ၀၉-၅၀၈၇၉၆၉ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN