ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အနီး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF အဖွဲ့ များထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း) မတ်လ ၁

မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် PDF အဖွဲ့များသည် ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အနီး ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက် PDF အဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းထိတွေ့တိုက်ပွဲဖြစ်မှ အကြမ်းဖက် pdf ၂ လောင်း၊ Type-81 ၁ လက်၊ ကျည် ၂၀ တောင့်၊ ကျည်အိမ် ၁ ခုတိုအား သိမ်းဆည်းရမိကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အချိန်မီလျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN