ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးရှိ အကြမ်းဖက် PDF အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ချေမှုန်း


(ပြည်တွင်း) မတ်လ ၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် PDF အဖွဲ့များသည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာအနီး ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက် PDF အဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းထိတွေ့တိုက်ပွဲဖြစ်မှ ရန်သူအလောင်း ၁ လောင်း၊ လက်လုပ် ၄၀ မမသေနတ်၊ ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဒေသခံ ပြည်သူများ ကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အချိန်မီလျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN