နတ်မောက်မြို့နယ်၊ ပင်းမြို့ကျေးရွာအနီး ခိုအောင်းနေသည့် အကြမ်းဖက် PDF အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက် ချေမှုန်း


(ပြည်တွင်း) မတ်လ ၁

မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် PDF အဖွဲ့များသည် နတ်မောက်မြို့နယ်၊ ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အဆိုပါကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အရောက်၌ အကြမ်းဖက် PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းထိတွေ့တိုက်ပွဲဖြစ်မှ ရန်သူအလောင်း ၃ လောင်း၊ GLOCK ပစ္စတို ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဒေသခံ ပြည်သူများ ကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင် လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အချိန်မီလျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN