တောင်ကိုရီးယား ဆောက်လုပ်ဆဲ အဝေးပြေးလမ်းပြိုကျပြီး လုပ်သားများသေဆုံး


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၆

တောင်ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်ဆဲ အဝေးပြေးလမ်းပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သား ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်တောင်ပိုင်းရှိ ချိုနန် ဒေသတွင် မြင့်မားသည့် ကုန်းကျော်အဝေးပြေးလမ်း ပြိုကျခဲ့ခြင်းဖြစ်သည်။

ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ လေးဦးထဲမှ ၂ ဦးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ဒဏ်ရာရရှိသူ ၅ ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်းသိရသည်။

တောင်ကိုရီးယား ခေတ္တပြည်ထဲရေးဝန်ကြီးက အခင်းဖြစ်ပွားသည့်နေရာအား မီးသတ်နှင့် ရဲအပါအဝင် သက်ဆိုင်ရာဌာနများ ချက်ချင်းစေလွှတ်ခဲ့ပြီး ဘေးကင်းရေးနှင့် ကယ်ဆယ်ရေးများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN